ဒဏ်ရာကြောင့် အင်တာမီလန်သို့ အကန်ဂျီ ပြန်ရောက်လာ
Zin Thaw
Nov 16, 2026
ဆွစ်ဇာလန်အသင်းနောက်ခံလူ အကန်ဂျီဟာ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းကနေ ထွက်ခွာလာခဲ့ပြီး တနင်္လာနေ့မှာ အင်တာမီလန်အသင်းကို ပြန်ရောက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အကန်ဂျီဟာ သောကြာညက စလိုဗေးနီးယားအသင်းနဲ့ ကစားခဲ့တဲ့ ဂိုးမရှိ သရေကျတဲ့ပွဲမှာ ဆွစ်ဇာလန်အသင်း အတွက် မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပြီးနောက် ကြွက်သားပင်ပန်းမှုဒဏ်ကို ခံစားနေရတာကြောင့် တနင်္လာညမှာ ကစားမယ့် စကော့တလန်အသင်းနဲ့ပွဲကို ပါဝင် ကစားနိုင်မှာ မဟုတ်ဘူးလို့ သတင်းထွက်လာခဲ့ ပါတယ်။ တနင်္ဂနွေညက ဆွစ်ဇာလန်အသင်းရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အကန်ဂျီက အသင်းလူစာရင်းကနေ ထွက်ခွာသွားခဲ့ပြီး အင်တာမီလန်အသင်းကို ပြန်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ကြွက်သား ပင်ပန်းမှုဒဏ်ကြောင့် ကလပ်အသင်းကို ပြန်ရောက်လာခဲ့တဲ့ အကန်ဂျီအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ မှာ ကစားဖို့ရှိနေတဲ့ အတ္တလန်တာအသင်းနဲ့ အီတလီစီးရီးအေပွဲမှာ ပါဝင်ကစားနိုင်ဖို့အတွက် အင်တာမီလန် အသင်းက မျှော်လင့်နေပါတယ်။မန်စီးတီးနောက်ခံလူဟောင်း အကန်ဂျီဟာ အခုရာသီ အင်တာမီလန်အသင်းရဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
စပိန်အသင်း၏ ၄၃ ပွဲဆက် ရှုံးပွဲမရှိမှုကို အင်္ဂလန် ရပ်တန့်
Zin Thaw
Nov 16, 2026 2တနင်္ဂနွေညက ကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ကမ္ဘာ့ချန်ပီယံစပိန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး စပိန်အသင်းရဲ့ ၄၃ ပွဲဆက်ရှုံးပွဲမရှိမှု စံချိန်ကလည်း ရပ်တန့်သွားခဲ့ရပြီဖြစ်ပါတယ်။